ဝိုင်ဖိုင်ဟက်နည်းဆိုရင် လူတော်များများကစိတ်ဝင်စားကြတယ်..ဘာဖြစ်လို့လဲဆိုတော့..အခုခေတ်က ဖုန်းတွေကွန်ပျူတာတွေပေါ်တယ်ဆိုတော့အင်တာနက်ကိုလိုင်းကောင်းကောင်းနဲ့သုံးချင်ကြတယ်...ကျွန်တော်လည်းလွန်ခဲ့တဲ့၎နှစ်လောက်ကကွန်ပျူတာအစုတ်ကလေးနဲ့ အင်တာနက်က digi broadband လေးကို ၁၀ဖိုး ၃ရက်နဲ့ဝယ်သုံးရတယ် ၁လကိုပျမ်းမျှ ၁၀၀ရင်းဂစ်လောက်ကုန်တော့..အင်းwifi ပက်စ၀က်ဟက်နည်းတော့ရှာမှပဲဆိုပြီး backtrack နဲ့ command တွေနဲ့ခေါင်းပူအောင်လေ့လာတော့တာပဲ...(ထားပါတော့ ကျွန်တော့်အကြောင်းတွေပြောရင်ပြီးမှာမဟုတ်တော့ဘူး). Wifi ဆိုရင်မလေးရှားမှာ ကောင်းတာက TM telecom malaysia က ထုတ်တဲ့ unifi ပဲ တခြားP1 တို့ Maxis ဖိုင်ဘာအင်တာနက်တို့ရှိသေးတယ်.သုံးလို့အကောင်းဆုံးကတော့unifi ပဲ...wifi မှာ security ရှိတယ် security ညံ့တာက wep .. wep security ကိုများသောအားဖြင့် P1 တွေမှာပဲသုံးတယ်..unifi ကို wep security ခံထားတာတော်တော်လေးကိုရှားတယ်..wep security ခံထားတဲ့ ၀ိုင်ဖိုင်ကို ၅မိနစ်ကနေ မိနစ်၃၀ အတွင်း ဟက်လို့ရတယ်...အဲ့ဒါကြောင့် ကိုယ့်အိမ်မှာလိုင်းဆင်ရင်wep ဖြစ်နေတယ်ဆိုရင်တော့ wpa2 psk သာအမြန်ပြောင်းပေတော့..wepကိုဘယ်လိုဟက်သလဲဆိုတော့..live linux os cd သို့ bootable လုပ်ထားတဲ့ usb stick နဲ့ ဟက်နိုင်ပါတယ်...နာမလည်တဲ့သူတွေကတော့wifi ဟက်တဲ့ဆော့ဝဲလို့ခေါ်တာပေါ့..အမှန်တကယ်က OSပါ operation system.. linuxကိုအခြေခံထားတဲ့os .အဲဒီOSနာမည်တွေကတော့ beini . Wifi slax . Xiaopan . Cd linux စသည်ဖြင့်wep security ကိုအလွယ်တကူကလစ်တစ်ချက်နှိပ်ပြီးဟက်လို့ရတဲ့ live os တွေပဲ...ကဲ wpa2 အကြောင်းပြောတော့မယ် wpa2. Wpa2psk စသည်ဖြင့်security ခံထားတဲ့ wifi အုပ်စုကိုတော့ပက်စ၀က်ဟက်ဖို့ခက်ခဲတဲ့အုပ်စုလို့မှတ်ပါ....wpa wpa2 psk wifi ကို ဟက်မယ် ဆိုရင် နှစ်နည်းပဲရှိပါတယ် ကြိုက်တဲ့ linux live cd သို့ backtrack တို့ kali တို့ကိုသုံးပြီးဟက်အုံး ပတ်စ၀က်ရမယ့်နည်းက၂နည်းပဲရှိပါတယ်...ပထမနည်းက သေချာပေါက်ရမယ့်နည်းပါ.. Reaver လို့ခေါ်ပါတယ် Reaverဆိုတဲ့tool လေးက ကျွန်တော်ပြောခဲ့တဲ့ beini တို့ cdlinux တို့မှာပါပါတယ် အဲဒီထဲမှာလိုင်းကို scan ဖတ်ပြီးရင် လိုင်း က wpa2 psk wps ဆို တာလေးပေါ်နေရင်reaver နဲ့ရပါတယ်wifi security မှာ wpa သို့ wpa2 psk အနောက်မှာ wps ဆိုတာလေးပါရင် reaverကိုသုံးပြီး password ရနိုင်ပါတယ်...reaverဆိုတာဘယ်လိုအလုပ်လုပ်သလဲဆိုတော့ wps (wireless protect setup)အပေါ်မှာ အလုပ်လုပ်သွားတာပါ..brute force attack တစ်မျိုးပါပဲ.. wifi လွင့်တဲ့ router စက်ရဲ့ အောက်မှာ. Pin code ဆိုတာပါပါတယ် cracker တွေကတော့ အဲ့ဒါကို master key လို့ ခေါ်ကြတယ် .. အဲ့ဒီpin code က ဂဏန်း၈လုံးပဲရှိပါတယ် ..ဒါကျွန်တော် standard အဆင့်ရှိတဲ့ wifiလိုင်းတစ်ခုရဲ့ pin code အရေအတွက်ပြောတာ. Reaver က အဲ့ဒီpin code ကိုဖောက်ပြီး wifi လိုင်းရဲ့ပတ်စ၀က်ကိုဖော်သွားတာပါ.. ကြာတဲ့အချိန်ကတော့ pin code no က ၀ ကနေ စလို့ချင်ရင် ၃နာရီအတွင်းသေချာပေါက်ရပါတယ်..ဥပမာပြောရရင် pin code no က ၀၀၀၀၀၀၀၀ ကနေ ၉၉၉၉၉၉၉၉ အတွင်းရှိပါတယ်. ကိုယ့်ဖောက်တဲ့ လိုင်းရဲ့ pin code က ၉ နဲ့စရင်တော့ ၈နာရီကျော်လောက်ကြာပါမယ်.. reaver နဲ့ဖောက်နေစဉ် ဖောက်နေတဲ့လိုင်းကပိတ်သွားရင်တော့ ရမှာမဟုတ်ပါဘူး..နောက်တစ်ခုက wifi ပိုင်ရှင်က mac address filter သို့ security မြင့်တဲ့ wifi စက် router သုံးထားရင် reaver နဲ့ ဖောက်လို့မရနိုင်ပါဘူး..မလေးရှားမှာဆိုရင် အခုနောက်ပိုင်း ဆင်တဲ့unifi လိုင်းတွေကိုreaverနဲ့ဖောက်ဖို့မလွယ်တော့ပါဘူး..သူတို့ကreaverကိုသိသွားပြီဖြစ်လို့config ထိုင်တဲ့နေရာမှာ ပိတ်ထားပေးခဲ့ပါတယ်..router ကိုလည်းsecurity မြင့်တဲ့အမျိုးစားသုံးလာပါတယ်..၀ိုင်ဖိုင်ပိုင်ရှင်တွေအနေနဲ့ မိမိဝိုင်ဖိုင်လိုင်း လုံခြုံချင်ရင်တော့ router setting ထဲက wps နေရာမှာ mark လေးကိုဖြုတ်ထားပါ... ကဲwpa2 ကိုဖောက်ဖို့နောက်တစ်နည်းကတော့ brute force attack လို့ခေါ်တဲ့ wordlist နဲ့ တိုက်တဲ့နည်းပဲ..တချို့ကတော့ wordlist ကို dictonary လို့လည်းခေါ်ကြပါတယ်... ကျွန်တော် လည်း wordlist ဆိုတာဘာမှန်းမသိခင်က အွန်လိုင်းကပေးတဲ့ wordlist တွေကိုရှာဒေါင်းတော့တာပဲ .. ပြီးတော့ wordlist ထည့်ပြီးwifi ဖောက်ကြည့်တယ် မရဘူး..ဘယ်ရမလဲ wordlist ဆိုတာဘာလဲဆိုပြီးnotepad နဲ့ ဖွင့်ကြည့်တော့ note pad ထဲ မှာ ဖြစ်နိုင်ချေရှိမဲ့ password တွေကိုတကြောင်းချင်းဆီရေးထားတာ..ခပ်ရှင်းရှင်းပြောရရင် ကိုယ်မသိတဲ့လိုင်းတစ်ခုရဲ့ ပတ်စ၀က်ကို ရမ်းရိုက်ပြီးစမ်းကြည့်တာနဲ့သဘောတရားအတူတူပဲ...မနေ့ကပြောခဲ့တဲ့ linux အခြေခံထားတဲ့ wifi ဟက်တဲ့ live os တွေက နာမည်ကြီး hacker os တွေဖြစ်တဲ့back track တို kali linux တွေမှာwifi ဖောက်ရင်သုံးရတဲ့ command တွေကို အော်တို ထည့်ပေးသွားတာပါ..အဲဒီတော့ သာမန်user တွေအတွက်အဆင်ပြေတာပေါ့. Wordlist နဲ့ ဟက်မယ်ဆိုရင်တော့ aircrack ကိုသုံးရပါမယ်aircrack ကိုမသုံးခင် ကိုယ်ဖောက်မဲ့လိုင်းရဲ့dataကိုယူပါတယ် cap ဖိုင်လို့ခေါ်တာပေါ့..cap ဖိုင်ကိုရဖို့ ဖောက်မဲ့လိုင်းကိုsniffing လုပ်ပါတယ်.sniffing လုပ်တဲ့အချိန်မှာ wifi ပိုင်ရှင်တွေရဲ့လိုင်းအနည်းငယ်ကျသွားနိုင်ပါတယ်.sniffing လုပ်လို့ကြာချိန်ကတော့ ဖောက်မဲ့လိုင်းနဲ့နီးလေ လိုင်းကောင်းလေ မြန်လေပါပဲ...sniffing လုပ်လို့ပြီးရင်တော့ ဖောက်မဲ့လိုင်းရဲ့ data cap ဖိုင်အသေးလေးထွက်လာပါတယ်..အဲ့ဒီဖိုင်လေးကအရေးကြီးပါတယ်.အဲဒီဖိုင်ထဲမှာဖောက့်မဲ့လိုင်းရဲ့အချက်အလက်တွေအကုန်ရှိပါတယ်..အဲဒီcap ဖိုင်ကို တခြားကိုယ့်သူငယ်ချင်းဥပမာအမေရိကန်မှာနေတဲ့သူဆီလှမ်းပို့ပေးပြီးwordlist နဲ့တိုက်ခိုင်းရင်တောင် ရပါတယ်.ဒီနေရာမှာကျွန်တော်အကြာင်းလေး၁ခုပြောချင်တယ်..ကျွန်တော်အပြင်မှာဝိုင်ဖိုင်လိုက်ဖောက်တဲ့အချိန်က customer ၁ယောက်အိမ်မှာဝိုင်ဖိုင်သွားဖောက်ပါတယ် .reaverနဲ့ထိုင်ဖောက်လို့ရတဲ့လိုင်းမရှိတော့လိုင်းကိုsniffing လုပ်ပြီး ၃ ၄လိုင်းလောက်ရဲ့ dataဖိုင်capဖိုင်ကိုယူပြီးပြန်မယ်လုပ်တာပေါ့..customerကိုကျွန်တော် အိမ်မှာအကို့ရဲ့လိုင်းကိုဖောက်ပေးမယ်ပြီးတော့ပတ်စ၀က်ရမှပို့ပေးမယ်ပိုက်ဆံကိုပတ်စ၀က်ရမှပေးဆိုတော့ ဆရာသမားကရီတယ်ဗျ..ပြီးတော့သူကမေးသေးတယ်..အကို့အိမ်ကနေကျွန်တော့်ဝိုင်ဖိုင်လိုင်းမိလို့လားတဲ့...ထားပါတော့ဒါကကျွန်တော်ကြုံခဲ့ရတာလေးပါ..ခုနကပြောခဲ့သလိုပဲ aircrack က wordlist ထဲက ရေးထားတဲ့ passwod ဂဏန်းတွေကိုတိုက်စစ်ပေးပြီး မှန်တဲ့ပတ်စ၀က်ကိုရမှ ရပ်မှာပါ .. ၁စက္ကန့် ကို ပတ်စ၀က်အလုံးရေ ၆၀၀ကျော်ကနေ ၃၀၀၀၀၀ကျော်အထိတိုက်စစ်နိုင်ပါတယ်..ဒီနေရာမှာကွန်ပျူတာကောင်းကောင်း၁လုံးရှိဖို့လိုသွားပါပြီ..graphic ကဒ်ကောင်းကောင်ပါတဲ့ desktop တစ်လုံးရှိရင်ပတ်စ၀က်ရှာရတာမြန်မှာပါ..အဲ့ဒီတော့ ၀ိုင်ဖိုင်ပိုင်ရှင်တွေအအေနေနဲ့ ကိုယ့်လိုင်းကိုလုံခြုံစေချင်ရင်တော့ security ကို wpa2 psk ထား wps နေကိုပိတ်...ပတ်စ၀က်ကို ခက်ခဲစွာပေးထားရင်တော့ ကမ္ဘာကျော်ဟက်ကာတွေခေါ်ဖောက်တောင်ပတ်စ၀က်မရနိုင်ဘူးဆိုတာပြောကြားရင်းဒီနေရာမှာပဲရပ်လိုက်ပါတော့မယ်...၀ိုင်ဖိုင်ဖောက်တဲ့ linux live bootable usbလုပ်ချင်ရင်တော့ ကျွန်တော့်ဆိုင် ကို usb stick လေးယူပြီးလာခဲ့ပါ. Free လုပ်ပေးပါတယ်..(မှတ်ချက် စာရေးသူသည်hacker လည်းမဟုတ်သလို cracker လည်းမဟုတ်ပါ..facebook acc နဲ့ တခြားမည်သည့်အကောင့်ကိုမှ ပတ်စ၀တ်ဖောက်ပေးရန်လည်းစိတ်မ၀င်စားပါ
waiiting-KO Thant Zin Htoo
Post by - Aung Phyo
Postby~http://www.aungphyotechnologyandsoftware.blogspot.com
No comments:
Post a Comment